သူတို့အိမ်မှာ အပိုင်း ( ၂ )
ရေးသူ - နတ်သား
အခန်း ( ၃ )
သိပ်ကြာကြာတော့ မစောင့်ရပါ ....။
ဆိုင်းနောင်တို့ အိမ်သို့ ကျင်ကျင်ယု ရောက်ရှိလျှက်၊ ဆိုင်းနောင်၏ အိပ်ခန်းထဲတွင် ဝင်ရောက်ပုန်းအောင်း စောင့်ဆိုင်းနေပြီး ဆယ့်ငါးမိနစ်ခန့်အကြာတွင် ထွန်းထွန်းနှင့် အယ်လင်နာတို့ စုံတွဲ အိမ်ထဲသို့ ဝင်ရောက်လာကြသည်။သူတို့စုံတွဲသည် အိပ်ခန်းထဲသို့ တန်း၍ မဝင်ပါ။ ဧည့်ခန်းတွင် ထိုင်ကာ စကားပြောနေကြသည်။ နောက်တော့ ကက်ဆက်ဖွင့်ကာ “ရက်ပ်“ ကကြသည်။
သည်ဘက်အိပ်ခန်းထဲမှ ဆိုင်းနောင်နှင့် ကျင်ကျင်ယုတို့မှာမူ အတော်လေးကို မချင့်မရဲဖြစ်နေကြသည်။ ယခုမှ စတင်ချိန်းတွေ့သည့် ရည်းစားကို တစ်ခါတည်းအိပ်ခန်းထဲ တန်းခေါ်သွားလို့ မရနိုင်သေးသည့်အတွက် ထွန်းထွန်းက အထာပြဂွင်ချကာ ဧည့်ခန်းထဲတွင် ကနေခုန်နေခြင်းဖြစ်ကြောင်းကိုတော့ သူတို့နားလည်ကြပါသည်။
သို့သော် ထွန်းထွန်းနှင့် အယ်လင်နာတို့ လိုးကြဆော်ကြမည်ကို ကြည့်လိုမြင်လိုသည့်စိတ်က ထက်သန်နေကြသည့်အပြင် ထိုသို့ကြည့်ရင်း မိမိတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ကိုင်တွယ်ပွတ်သပ် နမ်းစုတ်ကြရမည့် အရေးကိုလည်း စိတ်စောနေကြသည်မို့ ၊ ဆိုင်းနောင်ရော ကျင်ကျင်ယုပါ မချင့်မရဲနှင့် ရှိနေကြသည်။
အိပ်ခန်းထဲ မြန်မြန်ဝင်ကြပါတော့ဟုလည်း ကြိတ်၍ပြောဆိုနေမိကြလေသည်။ သူတို့ရှိနေကြောင်းကို ကောင်မလေး ရိပ်မိသွားမည်စိုးရသည့်အတွက်ကြောင့် ဆိုင်းနောင်တို့မှာ ဧည့်ခန်းထဲတွင် မည်သို့ ဖြစ်ပျက်နေသည်ကို အတိအလင်း ကျကျနန ချောင်းမကြည့်ရဲကြ။
အိပ်ခန်း၏ သော့ပေါက်မှသာ ချောင်း၍ ကြည့်နိုင်ကြသည်။ မြင်ကွင်းလမ်းကြောင်းကတော့ သိပ်မကောင်း။ အပီအပြင် မမြင်ရ။ ရံဖန်ရံခါမှသာ ခေတ္တခဏလောက် မြင်နိုင်သည်။
ကရင်းခုန်ရင်း ထွန်းထွန်းက ဘိုကပြားမလေးကို ပွေ့လိုက်ဖက်လိုက်၊ ဖင်ကိုင်လိုက် နို့စမ်းလိုက် လုပ်တာများကို ဖြိုးကနဲ ဖြတ်ကနဲ ခေတ္တခဏမျှသာ မြင်ရတွေ့ရတာမျိုး ရှိသည်။ သည်မျှလောက် ကြည့်ရသည်ကိုပင် ဆိုင်းနောင်တို့ သူငယ်ချင်းမနှစ်ယောက်၏ စိတ်များကို အတော်လေး လှုပ်ရှားနေစေခဲ့သည်။
အယ်လင်နာမှာ အဖေပြင်သစ် အမေကရင်ကုလားကပြားတို့မှ မွေးဖွားလာသည့် ဘိုကပြားမကလေး ဖြစ်သည်။ အသက်အရွယ်နှင့် မလိုက်အောင်ပင် ကိုယ်လုံးကိုယ်ထည်က ထွားကြိုင်းပြည့်ဖြိုးသည်။အရပ်ငါးပေ ငါးလက်မလောက် မြင့်သည်။ ရင်သားဆိုက်တွေက သုံးဆယ့်ငါးလက်မလောက်ကိုကြီးသည်။ ခါးကတော့ သေးကျင်ကာ ၂၃ လက်မသာသာလောက်သာ ရှိမည်။
တင်ပါးဆုံကြီးကတော့ သုံးဆယ့်ခုနှစ်လက်မလောက်နည်းပါး ကားအိပြည့်တင်းသည်။ ပေါင်တန်များ ရှည်ကာ အရင်းတုတ်အဖျားသွယ်လျှက် တောင့်တင်းဖြောင့်စင်းသည့် ခြေသလုံးများက သိပ်မတုတ်။ ခပ်သေးသေး ခပ်သွယ်သွယ်။အယ်လင်နာသည် နိုင်ငံခြားမှာ ကျောင်းနေသူ ဖြစ်သည်။ မြန်မာပြည်သို့ ခေတ္တမျှသာ အလည်လာလေ့ရှိသည်။
ယခုမှသာ မြန်မာစာ ကောင်းကောင်းတတ်မြောက်စေရန် မန္တလေးရှိ ဦးလေး (မိခင်၏ မောင်အငယ်)ထံတွင် လာရောက် နေထိုင် စာသင်နေရာမှ ထွန်းထွန်းနှင့်ဆုံမိကာ ပြေလည်နေကြခြင်း ဖြစ်သည်။
နိုင်ငံခြားမှာ နေထိုင်ကြီးပြင်းလာခဲ့သူကလေးမို့ အယ်လင်နာသည် အပျိုစစ်ကလေး မဟုတ်တော့ပါ။ ကာမစပ်ယှက်မှု အတွေ့အကြုံများ ကောင်းစွာ ရှိခဲ့သည်။ မန္တလေးသို့ ရောက်နေခဲ့သည်မှာ ခြောက်လကျော်ကြာမြင့်သည့် အချိန်အတွင်းမှာတော့ အယ်လင်နာအဖို့ ကာမမှုနှင့် ကင်းကွာနေခဲ့သည်။
ထို့ကြောင့် ကာမအရသာကို သိရှိနေသော သွေးသားအာရုံကြောများက ဖိုဓါတ်နှင့် ကာမမှုတို့ကို တမ်းတနေခဲ့ရာ၊ ထွန်းထွန်း၏ ချဉ်းကပ်မှုကလည်း အထာမိသောကြောင့် အဆင်ချော ဂွင်ဝင်သွားခြင်း ဖြစ်သည်။အထာပေါက်နေသော ခေတ်ရှေ့ပြေး ဘိုကပြားမလေးပီပီ၊ မိမိကို ထွန်းထွန်းက ဘာလုပ်ဖို့ သည်လိုချိန်းဆိုကြောင်းကို အယ်လင်နာက ကောင်းကောင်းသိသည်။
သူမကိုယ်တိုင်ကလည်း ကာမစပ်ယှက်မှု မပြုရသည်မှာ ခြောက်လနည်းပါးပင် ကြာမြင့်နေပြီမို့ အလိုးခံချင်စိတ်တွေ အရမ်းဖြစ်နေသည်။ထို့ပြင် သူမသည် ပြင်သစ်၊ အမေရိကန်၊ အင်္ဂလိပ်စသော ဘိုယောကျ်ားလေးများနှင့်သာ လိုးဖူးခံဖူးပေရာ၊ မြန်မာပြည်မှ လီးက ဘယ်လိုအရသာထူးမည်နည်းဟုလည်း စူးစမ်းသိရှိလိုနေသည်။
ကက်ဆက်ဖွင့်ပြီး ကခုန်ရင်း ထွန်းထွန်းက၊ ဟိုကိုင်သည်ကိုင် နှိုက်လုပ်လာသည်ကို လိုလိုလားလား လိုက်လျောသည်။ ကျကျနန ပိုင်ပိုင်နိုင်နိုင် ပွတ်နိုင်၊ နှိုက်နိုင်အောင်လည်း အထာပြကာ မသိမသာလေး လိုက်လျောလုပ်ဆောင်ပေးသည်။
ထွန်းထွန်းသည် အသက်နှင့်မလိုက်အောင် ကာမမှုကိစ္စတွင် အတော်လေး ကျွမ်းကာ၊ ကောင်းကောင်းကြီး စွမ်းဆောင်နိုင်မည် ဖြစ်ကြောင်းကို မြွေ မြွေချင်း ခြေမြင် ဆိုသကဲ့သို့ အယ်လင်နာက အကဲခတ်မိသည်။ထွန်းထွန်းက အိပ်ခန်းထဲသို့ အသာခေါ်သွားသောအခါတွင်လည်း၊ အယ်လင်နာသည် ဟန်ဆောင်လေးမျှပင် ငြင်းပယ်ခြင်း မပြုတော့ပဲ လိုလိုလားလားပင် ရဲတင်းစွာ လိုက်ပါ၍ သွားလေတော့သည်။
.................................................................................................................
တစ်ဘက်မြင်မှန်ချပ်ကြီး၏ သည်ဘက်ပိုင်းကို ကာကွယ်၍ထားသော ဘီဒိုကို ဆွဲရွှေ့ဖယ်ရှားထားလေပြီမို့၊ ဆိုင်းနောင်၏ အိပ်ခန်းထဲမှနေ၍ တစ်ဘက်အိပ်ခန်းကြီးထဲသို့ ကောင်းစွာ ကြည့်၍မြင်ရသည်။
ထွန်းထွန်းနှင့် အယ်လင်နာတို့ တစ်ယောက်ခါး တစ်ယောက်ဖက်၍ အိပ်ခန်းထဲဝင်လာသည်ကို မြင်သည်နှင့်၊ သည်ဘက်အိပ်ခန်းလေးထဲရှိ ဆိုင်းနောင်နှင့် ကျင်ကျင်ယုတို့ မိန်းကလေးနှစ်ယောက်သည် မျက်လုံးများ ပြူးလျှက်၊ သေသေချာချာကို မလွတ်တမ်းကြည့်လေတော့သည်။
အယ်လင်နာဝတ်စားထားပုံကလည်း အပြတ်“ဟော့“သည်။ အေရိုးဘစ်ဘောင်းဘီရှည် အနက်ရောင်နှင့်၊ အစိမ်းရင့်ရောင် ဂျိုင်းပြတ်ပခုန်းဖော် စွပ်ကျယ်တို့ကိုဝတ်ထားသည်။ ဆံပင်ကို ဂုတ်ထောက်ယုံ ခပ်တိုတိုညှပ်၍ထားရာ၊ ခပ်ဝိုင်းဝိုင်းမျက်နှာလေးနှင့်လိုက်ဖက်သည်။
ထူထဲသော်လည်း၊ ပျော့ပြောင်းတင်းကြပ်စွာ အသားတွင်ကပ်နေသော အေရိုးဘစ်ဘောင်းဘီရှည်သည် တင်းရင်းဖြောင့်စင်းသော ပေါင်တံအလှကိုသာမက၊ တင်ပါးဆုံကြီး၏ အကားအစွင့်ကိုလည်း မပေါ်တပေါ် မမြင့်တမြင်လေးဖြစ်အောင် ဖော်ပေးထားပေသည်။
ချိုင်းပြတ်စွပ်ကျယ်၏ အပြင်ဘက်တွင်ရှိနေသာ ပခုန်းသားများက ပြည့်ဖြိုးတင်းရင်းသလို လက်မောင်းသားများကလည်း ချောမွတ်အိစက်နေသည်။ အယ်လင်နာ၏ အသားရောင်သည် ဆွတ်ဆွတ်ဖြူဖြူ ဖွေးဖွေးကြီး မဟုတ်။
အဝါရောင်ရောစွပ်လျှက်၊ တင်းရင်းစိုပြေသော ဆင်စွယ်နှစ်ရောင်ဖြစ်သည်။ အတွင်းခံ ဘရာစီယာ ခပ်ပါးပါး ခပ်ပျော့ပျော့ကို လျှော့ရဲရဲ စည်းထားကာ၊ စွပ်ကျယ်သားကလည်း ချပ်ချပ်ရပ်ရပ် ရှိလေသောကြောင့်၊ မို့ဝန်းသော ရင်သားဆိုင်တို့၏ ကောက်ကြောင်းနှင့် အတင်းအရင်း အမို့အဝန်းတို့ကို သိသာမြင်သာနေသည်။ဂွင်မိကာနေလေပြီမို့ ထွန်းထွန်းကလည်း အချိန်သိပ်ဆွဲမနေတော့ပါ။ အိပ်ခန်းထဲသို့ ဝင်မိသည်နှင့် လက်မြန်ခြေမြန်ပင် လုပ်ငန်းစလေတော့သည်။
ထွန်းထွန်းနှင့် အယ်လင်နာတို့သည် ခံတင်ဘေးနားတွင် မျက်နှာချင်းဆိုင်ကာ ရပ်ကြသည်။ ထွန်းထွန်းက အယ်လင်နာဝတ်ထားသော ချိုင်းပြတ်စွပ်ကျယ် အစိမ်းရင့်ရောင်၏ ပခုန်းသိုင်းနှစ်ခုကို၊ လုံးဝန်းအိမွှတ်သော ပခုန်းနှစ်ခုထက်မှနေ၍၊ အောက်သို့ အသာလေး ဆွဲချသည်။
ပျော့ပျောင်းပြီး ဆွဲနိုင်ဆန့်နိုင်သော အသားဖြင့် ချုပ်လုပ်ထားသည်မို့၊ ဝတ်ထားလျှင် ကိုယ်အထက်ပိုင်းတွင် ရင်သားအလှပေါ်အောင် ကိုယ်နှင့်ကပ်လျှက် ချပ်ချပ်ရပ်ရပ်ရှိလေသော စွပ်ကျယ်သည် လက်မောင်းသားတစ်လျှောက် တတောင်ဆစ်နားအထိ အလွယ်ပင် လျှောကျသွားသည်။
ဘရာစီယာဖြင့် မလုံ့တလုံ စည်းနှောင်ထားလေသော ရင်သားများ ပေါ်လာသည်။ ထွန်းထွန်းက လက်သွက်သွက်ဖြင့်ပင် ဘရာစီယာရင်ဘုံများကို အောက်သို့အသာ ဆွဲချဖယ်လှန်သည်။ပျော့အိသော နိုင်လွန်သား ရင်ဘုံများ အလွယ်တကူပင်လိပ်ကာ၊ ရင်သားအောက်ခြေသို့ ရောက်သည်။ မို့ဝန်းစူကြွနေလေသည့် နို့အုံနှစ်ခုသည်၊ အကွင်းသား အရှင်းသားပင် ပေါ်၍ လာလေပြီ။
ထွန်းထွန်းသည် အယ်လင်နာ၏ ဖြိုးဖြိုးရွှေရင်နှစ်မွှာ၏ အညှာနေရာဖြစ်သော ရင်ညွန့်အထက်ပိုင်းကို ကုန်း၍နမ်းသည်။ နှာခေါင်းဖြင့် ရွှတ်ကနဲနေအောင် ဖိနမ်းလိုက်သလို ပါးစပ်ဖြင့်လည်း ပြွတ်ကနဲ မြည်အောင် စုပ်နမ်းသည်။
“အို .. ထွန်းရယ် ..“
အယ်လင်နာ၏ နှုတ်ဖျားမှ အသံလေးသဲ့သဲ့ပေါ်ထွက်သည်။ မျက်တောင်များ မှေးစင်းကျသွားသလို၊ မိမိ၏ ရင်ညွှန့်အညှာကို ကုန်းနမ်းစုပ်နေလေသော ထွန်းထွန်း၏ လည်ဂုတ်ကိုလည်း သွယ်ပျောင်းသော လက်ချောင်းကလေး ဆယ်ချောင်းဖြင့် ဆုပ်ကိုင်လိုက်လေသည်။
......................................................................................................................................
အခန်း ( ၄ )
သူတို့ရပ်နေကြသည့်နေရာသည် အိပ်ခန်းနှစ်ခုအကြားမှ ကိုယ်လုံးပေါ် (တစ်ဘက်မြင်) မှန်ချပ်ကြီးနှင့် ဘေးတိုက်ဖြစ်ပေရာ၊ သည်ဘက်ခန်းမှ ချောင်းကြည့်နေကြသော မိန်းကလေးနှစ်ယောက်အနေဖြင့်၊ ထင်ရှားပီပြင်စွာပင် တွေ့မြင်နေရသည်။
ထွန်းထွန်း၏ ကုန်း၍ စုပ်နမ်းမှုနှင့်၊ အယ်လင်နာတစ်ယောက် ရမက်ဇော နိုးကြွစပြုလာသည့် ဟန်ပန်များကိုလည်း အတိုင်းသားပင် တွေ့ရသည်။သို့သော် အယ်လင်နာ၏ လက်မောင်းနှင့် ကွယ်နေလေသည်မို့၊ အယ်လင်နာ၏ နို့အုံသား ဖြူဖြူနုနု အိအိထွားထွားများကိုကား အရှင်းသား မမြင်နိုင်သေး။
မမြင်တစ်ချက် မြင်တစ်ချက်၊ တစ်ဝက်တစ်ပျက်သာသာလောက်ကိုသာ ရိုးတိုးရိပ်တိတ် တွေ့ရသည်။ တင်းရင်း မို့ဝန်းသော ရင်သားဆိုင်များ ဖြစ်ကြကြောင်းကိုတော့ ကောင်းစွာ ခန့်မှန်းနိုင်ကြပေသည်။ကျင်ကျင်ယုသည် တစ်ဘက်အိပ်ခန်းကြီးထဲမှ အယ်လင်နာနှင့် ထွန်းထွန်းတို့၏ လုပ်ဆောင်မှုများကို မလွတ်တမ်းကြည်ရင်း၊ သူမဘေးနားရှိ ဆိုင်းနောင်နှင့် ပိုနီးကပ်အောင် အသာတိုးလာသည်။
အသားချင်း ထိမိကြသည်။ ကျင်ကျင်ယု၏ တင်းရင်းသော ညာဘက်ပေါင်ကြီးနှင့် အိကနဲနေအောင် ထိနေကြသလို၊ ကျင်ကျင်ယု၏ ညာဘက်လက်မောင်းကလည်း၊ ဆိုင်းနောင်၏ ဘယ်လက်မောင်းနှင့် အပြတ်ထိနေသည်။
မိန်းကလေးနှစ်ယောက်လုံး လက်ပြတ်အင်္ကျီကလေးများ ဝတ်ထားကြပေရာ၊ မည်သည့် အဝတ်အစား အကာအကွယ်မျှမရှိ၊ တင်းရင်း ချောမွတ်လေသော လက်မောင်းသားချင်း အပြတ်ထိမိနေကြရာ ထိတွေ့မှု အရသာက အပြတ်ကို ကောင်း၏။
ထွန်းထွန်းက အယ်လင်နာ၏ ချိုင်းပြတ်စွပ်ကျယ်ကို အောက်သို့ဆွဲ၍ ချွတ်ချယူသည်။ ဘိုကပြားမလေး အယ်လင်နာကလည်း လက်နှစ်ဘက်ကို အလိုက်သင့်လျှိုကာဆွဲထုတ်လိုက်ရာ၊ ချိုင်းပြတ်စွပ်ကျယ်သည် ခါးဆီသို့ လိပ်ဆင်း၍ ကျသွားသည်။
ထွန်းထွန်းသည် မို့ဝန်းသော ရင်သားဆိုင်ကြီးနှစ်ခု၏ အလယ်ပိုင်းနေရာကို ကုန်းနမ်းကာ၊ ခေါင်းကို ဘယ်ညာလှည့်ပတ်လှုပ်ရှားကာ၊ ရင်သားနှစ်ခုကို ပါးဖြင့်ထိပွတ်နေသည်။
ထိုသို့ပြုရင်းက အယ်လင်နာဝတ်ထားသော ဘရာစီယာ၏ နောက်ကျောချိတ်ကို လက်လှမ်း၍ ဆွဲချွတ်သည်။ချိုင်းပြတ်စွပ်ကျယ်ကို ဆွဲချစဉ်က၊ ဘရာစီယာ၏ ပခုန်းသိုင်းကြိုးများပါ၊ အောက်သို့ ပြေလျှာကျလာကြသည် ဖြစ်ရာ၊ နောက်ကျောချိတ် ဖြုတ်လိုက်သောအခါ ဘရာစီယာလေးသည် အိပ်ခန်းကြမ်းပြင်တွင် ခင်းထားသော ကော်ဇောပေါ်သို့ ဖုတ်ကနဲပင် ပြုတ်ကျသွားလေတော့၏။
ဘရာစီယာနောက်ကျောချိတ်ကို ဖြုတ်ပစ်ချွတ်ချလိုက်ပြီးနောက်၊ ထွန်းထွန်းသည် ဘိုကပြားမလေး၏ ခါးကျင်ကျင်လေးကို လက်နှစ်ဘက်ဖြင့် ဆုပ်ကိုင်လျှက်၊ ရင်သားဆိုင်ကြီးနှစ်ခု အကြားနေရာသို့ လျှာဖြင့် အသာအယာရက်ကာ ပါးစပ်ဖြင့်လည်း တပြွတ်ပြွတ်မြည်အောင် စုပ်နမ်းသည်။
အယ်လင်နာ၏ လက်နှစ်ဘက်ကတော့ ထွန်းထွန်း၏ လည်ဂုတ်ကို ကိုင်ကာ ပွတ်သပ်နေသည်။ ထွန်းထွန်းသည် အယ်လင်နာထက် အရပ်အနည်းငယ်မျှ ပိုမြင့်လေရာ၊ ရင်သားများ ကြားနေရာကို နမ်းစုပ်ပေးသောအခါ၊ ဒူးကွေးညွှတ်၍ ကိုယ်က ခပ်ကိုင်းကိုင်းဖြစ်နေသည်။
ထွန်းထွန်း၏ လည်ဂုတ်ကို လှမ်းကိုင်ပွတ်ပေးနေသော အယ်လင်နာ၏ လက်သည်လည်း အောက်သို့ ခပ်ကျကျဖြစ်လာရာ၊ ရင်သားဆိုင်ကို လက်မောင်းဖြင့် ကွယ်မနေတော့။
သည်ဘက်ခန်းမှ ချောင်းကြည့်နေကြလေသော ဆိုင်းနောင်နှင့် ကျင်ကျင်ယုတို့အဖို့၊ အယ်လင်နာ၏ ညာဘက်နို့ကြီးကို ကောင်းမွန်ထင်ရှားစွာ မြင်ရသည်။ ရင်သားဆိုင်ကြီးသည် မို့ဝန်းကာ ဆူဖြိုးလှသည်။ ကြီးမားသော်လည်း အိတွဲကျမနေ။
“ဒီ ကပြားမရဲ့နို့ကြီးတွေက တယ်ကြီးပါလား ကွ .. နောင်နောင် .. မင့်ထက်များ ပိုထွားလေးမလား မသိဘူး ..“
ကျင်ကျင်ယုက ဆိုင်းနောင် နား နားသို့ အသာကပ်ကာ ပြောသည်။ ထိုသို့ပြောရင်းက ဆိုင်းနောင်၏ နားရွက်ဖျားလေးကို မထိတထိ လျှာဖျားလေးနှင့် လှမ်းတို့ရက်ပေးလိုက်ရာ ဆိုင်းနောင်ခမြာ ဆတ်ကနဲပင် တွန့်သည်။ထိုသို့ အတွန့်တွင် ဘယ်လက်မောင်းကလည်း လှုပ်သွားလေရာ ကျင်ကျင်ယု၏ ညာဘက်ရင်သားကို အိကနဲနေအောင် သွားထိမိသည်။
ကျင်ကျင်ယု ရင်ထဲ ဖိန်းရှိန်းသွားသလို၊ ဆိုင်းနောင်မှာလည်း ရင်ဒိန်းကနဲခုန်သည်။ ဆိုင်းနောင်သည် မိမိနို့ကို ကိုဘမောင်နှင့်၊ ထွန်းထွန်းတို့ ပယ်ပယ်နယ်နယ် ဆုပ်နယ်နမ်းစုပ် ဆွဲကိုင်တာ အပြတ်ခံဖူးပြီး ဖြစ်သော်လည်း သူစိမ်း မိန်းမတစ်ယောက်၏ နို့ကို ကိုင်တွယ်ထိတွေ့ရမှု မရှိလှပေ။
ကျင်ကျင်ယုကလည်း အကဲပါလာသည်။ ဆိုင်းနောင်၏ ကျောပြင်ကို အသာသိုင်းဖက်သည်။ ဖက်သည်က ရိုးရိုးမဟုတ်။ ကျောပြင်အလယ်ပိုင်းလောက်ကို အသာလက်ဝါးနှင့်ပွတ်ကာ၊ ဆိုင်းနောင်ဝတ်ထားသော ဘရာစီယာ၏ နောက်ကျောသိုင်းကြိုးကို အသာစမ်းပြီးမှ၊ ပခုန်းကို လှမ်းသိုင်းဖက်ခြင်း ဖြစ်သည်။
ဤသို့ ညာဘက်လက်ဖြင့် ဆိုင်းနောင်၏ ပခုန်းကို လှမ်းသိုင်းဖက်လိုက်သောအခါ၊ ဆိုင်းနောင်၏ ကိုယ်တစ်ခြမ်းသည် ကျင်ကျင်ယု၏ ညာဘက်ရင်ခွင်ထဲသို့ အလိုလိုရောက်၏။ ကျင်ကျင်ယု၏ ညာဘက်ရင်သားဆိုင်သည် ဆိုင်းနောင်၏ ဘယ်ဘက်ကျောပြင်နှင့် ကျကျနန ထိကပ်မိသည်။ နုထွတ်တင်းမာလေသော ကျင်ကျင်ယု၏ ရင်သားဆိုင် ထိတွေ့မှုသည် ဆိုင်းနောင်ကို ကြက်သီးဖျန်းကနဲ ထစေသည်။
ဖိုနှင့်မ ထိတွေ့မှုမျိုး မဟုတ်ပဲ မိန်းမသားချင်း ထိတွေ့မှု ဖြစ်ပါလျှက် စိတ်လှုပ်ရှားကာ ရမက်ဇော နိုးကြွလာစေသည်ကို ဆိုင်းနောင် အံ့သြမိသည်။
ဆိုင်းနောင်သာ မဟုတ်၊ ကျင်ကျင်ယုကိုယ်တိုင်မှာလည်း မိမိ၏ ရင်သားဆိုင်တစ်ဘက်နှင့် ဆိုင်းနောင်၏ ကျောပြင်တစ်ခြမ်း ကျကျနန ထိမိကာ၊ ဆိုင်းနောင်၏ ညာဘက်ပခုန်းသား လုံးလုံးအိအိကို မိမိ၏ ညာဘက်လက်ဖြင့် ပိုင်ပိုင်နိုင်နိုင် တင်းတင်းကြပ်ကြပ် သိုင်းဖက်ထားရမှုက ရမက်အာရုံကို နှိုးဆွ၍ ပေးနေလေသည်။
“နင့်နို့ကကော အဲဒီ ဘိုကပြားမလောက် ကြီးလား ..“
ကျင်ကျင်ယုက ဆိုင်းနောင်၏ နား နားသို့ အသာကပ်ကာ ခပ်တိုးတိုး ပြောပြန်သည်။ ကျင်ကျင်ယု၏ နှာဝမှ ထွက်လာသော လေကြောင့် ဆိုင်းနောင်ပါးပြင် နွေးကနဲ ဖြစ်သည်။
“အိုး … ဘယ်သိမှာလဲ …“
ဆိုင်းနောင် ရှက်သလိုလို ဖြစ်လာသည်။
“ငါ ကိုင်ကြည့်မယ်နော် …“
“ဟာ ..မိယုကလဲ ..“
ကျင်ကျင်ယုက ဆိုင်းနောင်၏ နား နားသို့ အသာကပ်၍ ခပ်တိုးတိုးပြောရာ၊ ဆိုင်းနောင်က ရှက်စိတ်ဖြင့် ခေါင်းကို ခါယမ်းလိုက်သည်တွင်၊ ကျင်ကျင်ယု၏ နှာခေါင်းနှင့် ဆိုင်းနောင်၏ ပါးတို့ ထိမိသွားကြသည်။
ကျင်ကျင်ယုကလည်း အကွက်ကောင်းကို အပြတ်သုံးကာ နှာခေါင်းနှင့် ထိကပ်မိလေသော၊ ဆိုင်းနောင်၏ ပါးပြင်နုနုညက်ညက်ကလေးကို ရွှတ်ကနဲ မွှေးမွှေးပေးလိုက်လေ၏။ထို့ပြင် ကျင်ကျင်ယု၏ လက်ကလည်း ဆိုင်းနောင်၏ နို့ကိုကိုင်ရန် ချိုင်းကြားထဲ တိုးဝင်လာသည်။
ဆိုင်းနောင်မှာ ရှက်ရွံ့နေသော်လည်း နို့အကိုင်ခံလိုသည့် စိတ်ကလည်း ပြင်းထန်တက်ကြွနေလေရာ၊ ချိုင်းကို မသိမသာ ကြွပေးရာ ကျင်ကျင်ယု၏ လက်သည် ချိုင်းအောက်တိုးဝင်ကာ ဆိုင်းနောင်၏ နို့ကြီးတစ်ဘက်ကို အိကနဲ ဆုပ်ကိုင်သည်။
တစ်ဘက်အိပ်ခန်းကြီးထဲတွင်တော့ ထွန်းထွန်းသည် အယ်လင်နာ၏ နို့အုံကြီးနှစ်ခုကြားကို ကုန်း၍ နမ်းစုပ်ပေးနေရာမှ၊ ပါးစပ်၊ နှာခေါင်းနှင့် လျှာတို့ကို အောက်ဘက်သို့ တစစ လျှောကျဆင်းလာသည်။ နို့အုံအောက်ခြေပိုင်း နေရာကို ရက်ပေး စုပ်ပေး နမ်းပေးသည်။ ပြီးတော့ ဝမ်းပျဉ်ဆီသို့ တဖြေးဖြေးဆင်းလာ၏။
“အို .. ဟင့် ဟင့် .. ထွန်းရယ် ..“
အယ်လင်နာ ခပ်သာသာလေး ရေရွတ်မြည်တမ်းရင်း၊ ခေါင်းမော့ ရင်ကော့၍ သွားသည်။ ဝမ်းပျဉ်သား အထက်ပိုင်းကို ထွန်းထွန်းက စုပ်နမ်းရက်ပေးချိန်တွင်၊ ထွန်းထွန်း၏ ပန့်ကေဆံပင်ထိပ်ပိုင်း ထိုးထိုးထောင်ထောင်များက အယ်လင်နာ၏ နို့အုံသား အိအိဝင်းဝင်းကြီးကို ထိုးမိထိမိနေလေရာ ဘိုကပြားမလေးကို ပို၍ ယားကျိကျိဖြစ်လျှက် ရမက်ဆူဝေလာရလေအောင် နှိုးဆွဖန်တီးပေးသလို ဖြစ်၍ နေလေသည်။
အပိုင်း (၃) ဆက်ရန် >>>
No comments:
Post a Comment