အင်းစက်အကြောင်း သိကောင်းစရာ (ဗဟုသုတ)
ဒေါက်တာတင့်ဆွေ ရေးသည်။
ဆွေမျိုးနီးစပ်-လက်ထပ်တာကို Incest ခေါ်တယ်။မြန်မာဝေါဟာရကို မသိပါ။တသွေးထဲက မွေးလာသူတွေ နဲ့ (မွေးစားတာ အပါအဝင်) တအိမ်ထဲ နေသူတွေလို့ ကွဲသေးတယ်။
အမျိုးအစားတွေထဲမှာ
အမျိုး-လူကြီး နဲ့ အမျိုး-ကလေး၊
အမျိုး-ကလေး နဲ့ အမျိုး-ကလေး၊
အမျိုး အရွယ်ရောက်ချင်း၊
တဝမ်းကွဲ အမျိုးချင်း။
Incest သုတေသန လုပ်တာတွေက ယဘုယျ ချပြဘို့ ခက်တယ်။အကြမ်းဖျင်း လူဦးရေ ၁ဝ-၁၅% လောက်မှာ ဒီစိတ်မျိုး ရှိတတ်ပြီး၊ကိုယ်ထိ လက်ရောက် ဖြစ်တာက ၂% လောက်ရှိမယ်လို့ ယူဆကြတယ်။
ဖခင်-သမီး ဖြစ်ပျက်မှုက အများဆုံး။
မိခင်-သားက အနဲဆုံး။
အကို-နှမ မနဲလှဘူး။
မောင်နဲ့နှမ အကြား ဖြစ်တာမျိုးက
မိဘနဲ့ သားသမီးကြား ဖြစ်တာထက် များတယ်။
Inbreeding မျိုးဗီဇ တူသူအကြား အိမ်ထောင်ပြုရင် Genetic disorder မွေးရာပါ ချို့ယွင်းချက်နဲ့ ကလေးတွေ မွေးတတ်တယ်။မျက်နှာ နှစ်ခြမ်း မတူတာ၊ လူကောင် သေးတာ၊ခုခံအားစနစ် ကောင်းကောင်း မလုပ်တာ၊သား-သမီး နည်းတာတွေ ဖြစ်မယ်။
မိဘ+သားသမီး = ၂၅%၊
မောင်+နှမ = ၂၅%၊
အဖေတူ+အမေကွဲ၊ မအေတူ+အဖေကွဲ = ၁.၂၅%၊
ဦးလေး+တူမ၊ အဒေါ်+တူ = ၁.၂၅%၊
မောင်+နှမ တဝမ်းကွဲ = ၆.၂၅%၊
ဦးလေး+တူမ တဝမ်းကွဲ = ၆.၂၅%၊
မောင်+နှမ နှစ်ဝမ်းကွဲ = ၁.၆% မှာလာဖြစ်နိုင်တယ်။
...................................................................................................
သမိုင်းမှာလဲ နမူနာတွေ ရှိခဲ့ဘူးတယ်။ ရိုမန်-အင်ပါယာ Caligula ကနေ Julia Livilla, Drusilia, Agrippina the Younger ဆိုတဲ့ နှမ-တူမ သုံးယောက်လုံးကို ယူခဲ့တယ်။
အင်္ဂလန်က Queen Victoria နဲ့ Prince Albert တို့လဲ တဝမ်းကွဲတွေ။ဥရောပ ဘုရင်တွေရော မြန်မာဘုရင်တွေပါ သွေးသား တော်စပ်သူတွေကို မိဘုရား မြှောက်တာ နန်းတွင်း အစဉ်အလာ Intermarriage ရှိခဲ့ကြတယ်။နာမယ် အကြီးဆုံး ဆိုရမှာက House of Habsburg ဖြစ်တယ်။
ရာစု ၆ စုတိုင် အမျိုးချင်း လက်ထပ်တာကြောင့် “မေးရိုးက ရှေ့ငေါထွက်နေတာ” ကိုAustrian lip လို့ ခေါ်တယ်။စပိန်ဘုရင် Charles II ဟာအစားတောင် သူများလို ဝါးမရတော့ဘူး။
မျိုးဗီဇ ဝေးတာကို Exogamy ခေါ်တယ်။Gene (ကော်ပီ) ဖြစ်ဘို့ အခွင့်အလမ်း နည်းလို့ပေါင်းသင်း ထိုက်တယ်။ Iceland က deCODE genetics company ကနေ ၃ ဝမ်းကွဲတော်သူတွေဟာ မျိုးစပ်လို့ အောင်မြင်မှု အများဆုံးလို့ ထုတ်ပြန်တယ်။
အိုက်စလန် ဆိုတာ သေးငယ်လွန်းလို့ အမျိုးနီးစပ် လက်ထပ်ကြတာ များတာကိုး။
Genetic sexual attraction (GSA) ဆိုတာလဲ ရှိသေးတယ်။ အမျိုးတော်ပေမဲ့ ကြီးမှ ပြန်တွေ့တဲ့အခါ Sexual attraction ဖြစ်ပေါ်မှုကို ပြောတာပါ။ဆွဲဆောင်မှု သာမက Trustworthy ယုံကြည်မှုလဲ ရှိကြတယ်လို့ မှန်းရတယ်။
“အိုးချင်းထား အိုးချင်းထိ၊ ကြိုးချင်းထား ကြိုချင်းငြိ” ဆိုတာနဲ့ မတူဘူး။
Incest ဟာ “တရား မဝင်ဘူး၊ဘာသာရေးက ခွင့်မပြုဘူး၊မလိုလားအပ်တဲ့ Taboo ဖြစ်တယ်၊” လို့နားလည် လက်ခံကြတယ်။လူမှုရေး အသိုင်းအဝိုင်းနဲ့ဘာသာရေးအယူတွေမှာ ကွဲပြားမှုတော့ ရှိတယ်။
ရှိသမျှ ဘာသာ ပေါင်းစုံက တားမြစ်မှု အမျိုးမျိုး လုပ်ထားပေမဲ့ တခုနဲ့တခု မတူဘူး။ Roman Catholic Church က အတင်းကြပ်ဆုံးဘဲ။Eastern Orthodox Church က ၂ ဝမ်းကွဲအထိ ခွင့်မပြုဘူး။ Anglican Communion က တဝမ်းကွဲကို လက်ထပ်ခွင့် ပြုတယ်။
Islamic ကတော့ ဖအေရဲ့မိန်းမ (မိခင်နဲ့ မိထွေး)၊နှစ်ဘက်က အဒေါ်၊ နှမအရင်း၊ ဖအေတူ-မအေတူ နှမ၊တူမ၊ သမီး၊ (မအေကို ယူပြီးရင်) မယားပါ-သမီး၊ချွေးမတွေကို ယူခွင့်မပြုဘူး။လက်တွေ့ဘဝမှာ ၂ဝဝ၇ နိုဝင်္ဘာ ၂ဝ ဘီဘီစီ သတင်း တပုဒ်မှာ အိန္ဒိယ၊အနောက် ဘင်္ဂလားမယ် သမီးအကြီးကို ယူတာဟာDivine sanction အလာရှင် အလိုတော်ရလို့ Afazuddin Ali ကနေ သူ့မိန်းမကို ပြောတယ်။
မိန်းမကလဲ တရာရုံးမှာ အဲလိုပြောတာ လက်ခံတယ်လို့ ထွက်ဆိုတယ်။ရွာသားတွေကတော့ ဒေါသထွက်ပြီး ခေါင်းဖြတ်ချင်ကြတယ်။တရားရုံးကလဲ သူ့အာဏာစက် မဟုတ်လို့ အဆုံးအဖြတ် မပေးနိုင်ခဲ့ဘူး။
မိသားစုဟာ တခြားနေရာ ရွေ့ပြီးကနေ့ထက်ထိ နေထိုင် ပေါင်းသင်း နေကြဆဲဘဲ။
Hindu ဟိန္ဒူတွေက ဒါကို ပြင်းပြင်းထံထံ ဆန့်ကျင်ကြတယ်။ဒါပေမဲ့ တောင်ပိုင်း (ဒရာဗီဒီယန်) တွေကတော့ တူမကို ယူတာ လက်ခံတယ်။ ဗုဒ္ဓဘာသာမှာတော့ ၅ ပါးသီလ နဲ့ မဂ္ဂင်-ရှစ်ပါးအရSexual misconduct လို့ ကျယ်ပြန့်တဲ့ တားမြစ်မှုတွေ ပါရှိနေတယ်။
သမားရိုးကျ ခွဲခြမ်းစိတ်ဖြာ-စိတ်ပညာ သီအိုရီက“ကလေးငယ် ၃-၅ နှစ်သား အရွယ်မှာဆန့်ကျင်ဘက်လိင် မိဘကို Incestuous desires ဒီသဘောဆောင်တဲ့တွယ်တာမှု ဖြစ်တယ်” လို့ ဆိုတယ်။
ဂရိ Oedipus Rex ကို အစွဲပြုပြီးသားကနေ မိခင်အပေါ် စိတ်ညွှတ်တာကို Oedipus complex လို့ ခေါ်တယ်။
ဂရိရှေးဟောင်း စာပေထဲက Zeus နဲ့ Hera တို့က မောင်နှမတော်ကြတယ်။ Cousin marriages မောင်နှမ တဝမ်းကွဲ လက်ထပ်ကြတာကိုအမေရိကားမှာ ပြည်နယ် ၂၆ ခုက ခွင့်ပြုထားတယ်။တချို့နိုင်ငံတွေ ဥပမာ ပါကစ္စတန်မှာ အဲလို ဝမ်းကွဲတွေယူတာဟာ မျိုးသန့်တယ်လို့ ယူဆတယ်။
အင်္ဂလိပ် Incest novels လို့ ခေါ်တဲ့ စိတ်ကြွစေတဲ့ ဝတ္ထုတွေမှာတော့သွေးသားတော်စပ်သူတွေရဲ့ ဇာတ်လမ်းတွေ ခေတ်စားတယ်။အမျိုးတော်နေတာကို မသိဘဲ လက်ထပ်ယူတာတွေ ရှိတယ်။Accidental incest ခေါ်တယ်။Genetic sexual attraction မျိုးဗီဇ ဆွဲဆောင်မှုကြောင့်လို့စိတ်ပညာရှင်တွေက ယူဆတယ်။
ဆန့်ကျင်ဘက်လိင်ကို စွဲလမ်း-နှစ်လိုမှု၊ကာယကံမြောက်မှု ဆိုတာတွေကအဲလို အကြောင်းတွေကနေ ဖြစ်တာဘဲ။လူနဲ့ တိရစ္ဆာန် ကွဲပြားတာက ဒီနေရာမှာပါ။လူမှာ “လူ့စည်း” ဆိုတာ ရှိကြရတယ်။ဘာသာရေး-စည်း၊ လူမှုရေး-စည်း ဆိုတဲ့ အခြေခံနဲ့အကျယ်ပြန့်ဆုံး စည်းတွေသာမက အသင်းအပင်း-စည်းကမ်း၊ကျောင်း-စည်းကမ်း စတာတွေလဲ ရှိသေးတယ်။
သစ္စာရည်သောက်၊ သွေးဖေါက်သစ္စာဆို လုပ်တတ်ကြသလိုတချို့ကြ သံမဏိ-စည်းကမ်း လို့တောင် ခေါ်တဲ့ ဖေါက်ရင် ပြစ်ဒဏ် ကြီးကြီးမာမားနဲ့ တားတာမျိုးလဲ ရှိတယ်။LTTE တွေဟာ လည်ပင်းမှာ Cyanide tube ဆွဲကြရတယ်။စည်းမတူ၊ နည်းမတူ၊ လူလူချင်း မတူကြပါ။
“စိတ်” ဟာ Special senses လို့ခေါ်တဲ့ အကြား၊အမြင်၊ အနံ့၊ အရသာ၊ အထိအတွေ့ ဆိုတဲ့ အာရုံငါးပါးမှာ နစ်မြော-မွေ့လျော်-ပျော်ပါးလေ့ရှိတယ်။အာရုံငါးပါးအပြင် လူလူချင်း မတူကြတာက မျိုးဗီဇ၊ဟော်မုန်း-ဆေးဝါး အပြင် ကာလံဒေသံ ဆိုတာလဲအရေးပါသေးတယ်။ ဇာတ်တော် တခုထဲမယ်ဆိတ်ကွယ်ရာမှာ ဆန့်ကျင်ဘက်လိင် နှစ်ဦးထဲအတူရှိနေရင် ဖေါက်ပြန်စိတ် ဆိုတာဆွေမျိုး တော်သော-မတော်သော ဖြစ်တတ်တာကိုမိခင်ကနေ သားကို ပညာပေး ဆုံးမဘူးတယ်။
“အဆုံးအမ” တည်လို့ ဘာမှ အမှားအယွင်း မဖြစ်ဘူး။
Credit To ဒေါက်တာတင့်ဆွေ
No comments:
Post a Comment